logo
glass Back to all postsAWS services

Turning Events into Actions with AWS Serverless Workflow

glassFeb 1, 2026
glass2 min read
aws logo

Modern applications တွေမှာ data flow၊ service interactions နဲ့ background processes တွေက အမြဲတမ်း dynamic ဖြစ်နေပါတယ်။ New data ဝင်လာတာ၊ service တစ်ခုခုက action trigger လုပ်တာ၊ background jobs တွေ run နေတာ၊ deployment တစ်ခါတစ်ရံ fail ဖြစ်သွားတာတွေက နေ့စဉ်တွေ့ကြုံရတဲ့အရာတွေပါ။ ဒီလို environment မှာ system status ကို manual အနေနဲ့ dashboards ကြည့်၊ logs စစ်ပြီး track လုပ်နေရတာက အချိန်ကုန်သလို issues တချို့ကို နောက်ကျမှ သိရတဲ့အခြေအနေတွေလည်း ဖြစ်တတ်ပါတယ်။ အဲ့ဒီလို challenges တွေအတွက် event ဖြစ်တာနဲ့ ချက်ချင်း response ပြန်နိုင်တဲ့ event-driven automation architecture တစ်ခုက real-world use cases တွေမှာ အလွန်အသုံးဝင်ပါတယ်။။


AWS ပေါ်မှာ ဒီလို automation setup ကို implement လုပ်ချင်ရင် EventBridge + Lambda + Step Functions ဆိုတဲ့ combination က အလွန်သင့်တော်တဲ့ choice တစ်ခုပါ။ System ထဲမှာ order create တာ၊ file upload လုပ်တာ၊ job fail ဖြစ်တာ၊ deployment complete ဖြစ်တာလို event အမျိုးအစားတွေကို EventBridge က detect လုပ်ပြီး rule-based routing နဲ့ appropriate target တွေဆီပို့ပေးနိုင်ပါတယ်။ Event detect ဖြစ်သွားတဲ့အခါ Lambda function ကို trigger လုပ်ပြီး event payload ထဲကလိုအပ်တဲ့ data တွေကို extract လုပ်တယ်၊ format ပြန်လုပ်တယ်၊ ပြီးတော့ workflow orchestration အတွက် Step Functions ကို start လုပ်ပေးပါတယ်။ Serverless architecture ဖြစ်တဲ့အတွက် infrastructure management မလိုအပ်ဘဲ scaling ကို AWS က auto handle လုပ်ပေးနိုင်ပါတယ်။


Step Functions ကတော့ multi-step business processes တွေကို JSON-based workflow နဲ့ clearly orchestrate လုပ်စေနိုင်ပါတယ်။ Data validation, parallel processing, external API calls, database updates, retries, error handling, wait states, notifications စတဲ့ logic တွေကို step by step organize လုပ်နိုင်လို့ process flow ကရှင်းလင်းပြီး maintainability ပိုကောင်းလာပါတယ်။ Built-in visual workflow diagram ကြောင့် debugging, tracing နဲ့ error fixing တွေလည်း ပိုပြီး လွယ်ကူပါတယ်။


အပြင်မှာ Slack, Google Chat, Discord, Microsoft Teams စတဲ့ communication tools တွေကိုအသုံးပြုနေတဲ့ organization တွေအတွက် Lambda ကို workflow step တစ်ခုအနေနဲ့ သုံးပြီး event data ကို custom message သို့မဟုတ် card format ပြောင်းပြီး webhook URL ကို send လုပ်နိုင်ပါတယ်။ Message content, style, behavior အားလုံးကို use case အလိုက် fully control လုပ်နိုင်တာက ဒီ architecture ရဲ့ အားသာချက်တစ်ခုပါ။


အကျဉ်းချုပ်ပြောရရင် EventBridge listens, Lambda processes, Step Functions orchestrates။ ဒီ combination တစ်ခုတည်းနဲ့ system ထဲမှာ ဖြစ်ပေါ်လာတဲ့ important events တွေကို manual monitoring မလုပ်ဘဲ automated workflow တစ်ခုအနေနဲ့ ချက်ချင်း handle လုပ်နိုင်တဲ့ clean, scalable, reusable solution တစ်ခုကို တည်ဆောက်နိုင်ပါတယ်။


Microservice Architecture on EKS
footer background

Managed and
Professional
ICT Services
Provider

Contact Us

B8 ICT Solutions