logo
glass Back to all postsAWS services

How Fintech is Revolutionizing KYC with AWS Rekognition

glassFeb 19, 2026
glass3 min read
aws logo

ဒီနေ့ခေတ် Fintech လုပ်ငန်းတော်တော်များများအတွက် KYC (Know Your Customer) က မဖြစ်မနေ ထည့်သွင်းအသုံးပြုကြတယ့် security feature တခုဖြစ်လာနေပါတယ်။


အသုံးပြုသူအရေတွက် နည်းနည်းပဲရှိတယ့်အချိန်မှာ KYC ကို Manual စစ်တာကအဆင်ပြေနိုင်ပေမယ့် user တွေများရင်များလာသလို

  • လူတစ်ယောက်ချင်းစီ စစ်ဆေးရန်မဖြစ်နိုင်တော့ခြင်း
  • Human Resources များစွာလိုအပ်လာခြင်း
  • Human Error များဖြစ်ပေါ်လာနိုင်ခြင်း
  • အချိန်နှင့် ကုန်ကျစရိတ်များပိုမိုမြင့်တက်လာနိုင်ခြင်း

စတယ့်ပြသနာများကိုကြုံတွေ့လာရပါတယ်။


AI သုံးလိုက်ရင် Error တွေမရှိနိုင်တော့ဘူးလား?

AIသုံးလိုက်ရင် Error လုံးဝမရှိတော့ဘူးလို့တော့မဆိုလိုပါဘူး။ သို့ပေမယ့် Manual Process နဲ့နှိုင်းယှဉ်လျှင် အမှားအယွင်းနှုန်းကို အတိုင်းတာတစ်ခုအထိ လျော့ချနိုင်ပြီး လုပ်ငန်းလည်ပတ်မှုကို ပိုမိုမြန်ဆန်၊ တိကျစေနိုင်ပါတယ်။


ဒီလို KYC process Automation အတွက် AWS မှာ အသုံးပြုနိုင်တယ့် Services တွေထဲက ပထမဆုံးတစ်ခုကတော့ AWS Rekognition ပဲဖြစ်ပါတယ်။


AWS Rekognition ဆိုတာက AWS ဘက်က provide ပေးထားတယ့် Computer Vision Service တခုဖြစ်ပါတယ်။ အကျဉ်းချုပ်ပြောရရင် Rekognition က

  • လူမျက်နှာတွေကိုဖော်ထုတ်နိုင်ခြင်း
  • မျက်နှာနှစ်ခုကို နှိုင်းယှဉ်စစ်ဆေးနိုင်ခြင်း
  • စာသား၊ အရာဝတ္ထုများကို ခွဲခြားသိရှိနိုင်ခြင်း
  • ဗီဒီယိုအတွင်းရှိ အရေးကြီးသော အပိုင်းများကိုခွဲခြမ်းစိတ်ဖြာနိုင်ခြင်း

စတယ့် functions တွေကို API ခေါ်ရုံနဲ့ အသုံးပြုနိုင်ပါတယ်။


ထူးခြားချက်အနေနဲ့ကတော့ Fully Managed Service တစ်ခုဖြစ်တာကြောင့် အသုံးပြုသူတွေအနေနဲ့ ML Model Training, Infra management စတယ့်နောက်ကွယ်ကအပိုင်းတွေအတွက်ခေါင်းကိုက်ခံစရာမလိုတော့ပါဘူး။ Beginner ဖြစ်ရင်တောင်အသုံးပြုရတာလွယ်ကူနေမှာပါ။


AWS Rekognition ကို KYC Feature မှာ ဘယ်လိုသုံးလို့ရနိုင်လဲဆိုတာပြောပြချင်ပါတယ်။

Fintech KYC Process တစ်ခုမှာ

  • User ဘက်က NRC/ Driver License/ Passport တစ်ခုခုကိုတင်
  • ကိုယ်တိုင်ရိုက်ထားတယ့် Selfie ပုံတစ်ပုံကိုတင်

ပြီးတယ့်အခါ Rekognition ကိုသုံးပြီး

  • ID Card ပေါ်မှာရှိတယ့်မျက်နှာနှင့်
  • Selfie ပုံထဲကမျက်နှာတို့ကို

နှိုင်းယှဉ်စစ်ဆေးပြီး Similarity Score တစ်ခုထွက်လာပါတယ်။

အကယ်၍ Score က အတိုင်းတာတစ်ခုအထိ တူနေရင် Auto Approve ပြီး မတူညီမှုများရှိလျှင် Manual Review လုပ်နိုင်အောင် ဆောင်ရွက်ပေးနိုင်တယ့်အတွက် fraud detection နဲ့ onboarding speed ကိုလည်းတစ်ပြိုင်နက် မြှင့်တင်ပေးနိုင်ပါတယ်။


လုပ်ငန်းလိုအပ်ချက်အရ NRC Card ထဲက Number ကို User ထည့်ထားတယ့် NRC Number နဲ့ တိုက်ဆိုင်စစ်ဆေးချင်ရင် Amazon Textract ဆိုတယ့် AWS Service ကို Rekognition နဲ့ ပူးတွဲအသုံးပြုနိုင်ပါတယ်။

Textract က ID Card ထဲက စာသားတွေကို OCR နည်းလမ်းနဲ့ ဖတ်ထုတ်ပေးပြီး KYC Verification ကိုပိုမိုတိကျစေပါတယ်။


Rekognition က Pay-Per-Use model ဖြစ်တယ့်အတွက်

  • Lab စမ်းသပ်ချင်သူများအတွက် အကုန်ကျသက်သာခြင်း
  • PoC/ MVP တည်ဆောက်ရာတွင်အဆင်ပြေခြင်း
  • Business scale တိုးလာလည်း အလိုလျောက် scale ဖြစ်နိုင်ခြင်း

စတယ့် အားသာချက်များရှိပါတယ်။


Rekognition ကို Fintech sector မှာသာမကပဲ

  • E-Commerce
  • Media & Entertainment
  • Healthcare
  • Security and Surveillance

စတဲ့ လုပ်ငန်းကဏ္ဍများတွင်ပါ အသုံးပြုနိုင်ပါတယ်။

footer background

Managed and
Professional
ICT Services
Provider

Contact Us

B8 ICT Solutions