
ဒီနေ့ ပြောမယ့် service ကတော့ S3 ပဲဖြစ်ပါတယ်။ S3 ရဲ့ အရှည်ကောက်က Simple Storage Service၊ အဲ့တာကြောင့်လဲ S သုံးလုံးပေါ့။ Simple ဆိုတဲ့အတိုင်း သုံးပုံသုံးနည်းအတော်လေးရိုးရှင်းတယ်။
ထူးခြားတာက S3 က ပထမ ဦးဆုံး service ဖြစ်ပါတယ်။ S3 က ဘာလဲဆို object storage service။ ဓာတ်ပုံတွေ ဗီဒီရိုတွေ စတဲ့ files - object type data တွေကို S3 ပေါ်မှာသိမ်းဖို့သုံးတယ်ပေါ့။ ဒီလိုသိမ်းဖို့ဆို S3 bucket create ဖို့လိုတယ်။ S3 က Global Service ဖြစ်တဲ့အတွက် bucket create တဲ့နေရာမှာ restriction လေးတစ်ခုရှိတယ်။ ဘာလဲဆို bucket ကို unique name ပေးမှရတယ်။ ဒါဆိုဘာလို့ unique name ဖြစ်မှရတာလဲပေါ့? S3 က object storage ဖြစ်တဲ့အတွက် နေရာစုံကနေ လှမ်း access လုပ်ရတာတွေရှိတယ်။ endpoint url လိုပြီလေ လှမ်းခေါ်ဖို့။ bucket name က အဲ့ host header url ထဲမှာ ပါနေတော့ ထပ်နေလို့မရဘူး။ common name ပေးတူလိုက်ရင် ဘယ် url ကို လှမ်းခေါ်မလဲ ရှုပ်သွားမယ်လေ။ အဲ့ တာက S3 bucket unique name ပေးရတဲ့ အကြောင်းအရင်းတစ်ခုပေါ့။
S3 မှာ static website host လို့ရတဲ့ feature ပါတယ်။ frontend HTML CSS ဆိုရင် S3 ပေါ်မှာ bucket create ပြီး static website host ရုံပဲ။ အဲ့ static website ကို public ကနေ access လုပ်ဖို့အတွက် URL တစ်ခု S3 ဘက်ကနေချပေးမယ်။ အဲ့ URL က ကိုယ့်ရဲ့ bucket name ကို URL ပြောင်းထားတာပဲ။
S3 က Global Service ဆိုပေမယ့် bucket ကို ဘယ် region မှာ create မလဲရွေးလို့ရတယ်။ ကိုယ့် infra က ap-southeast-1 ထဲမှာဆို ap-southeast-1 မှာပဲ bucket create လုပ်သင့်တယ်။ ဘာလို့ဆို S3 က storage သိမ်းခ ဈေးအတော်လေး ပေါပေမယ့် region မတူရင် Data transfer in and out ကဈေးအတော်ပေးရတယ်။
ဆိုတော့ S3 မှာဘာတွေလုပ်လို့ရလဲတစ်ချက်ပြောကြမယ်။ S3 မှာ lifecycle policy တွေသတ်မှတ်ပေးလ်ို့ရတယ်။ ဥပမာ ကိုယ်က bucket ထဲမှာ အရေးမကြီးတဲ့ data တွေအများကြီးသိမ်းထားတယ်ဆိုပါစို့။ အများကြီးဆိုတဲ့အတိုင်း cloud storage cost ကတော့ရှိမှာပဲ။ data တွေထပ်တိုးလာလေ cost ကတက်လာလေပေါ့။ ဒါပေမယ့် အရေးမကြီးဘူးဆိုတော့ data တွေကဖျက်ပစ်ပျောက်သွားလဲ ကိစ္စမရှိဘူးဆိုရင် lifecycle policy တွေသတ်မှတ်ပေးထားလို့တယ်။ ဥပမာ ဒီ bucket ထဲမှာ နောက်ဆုံး 30 ရက်က data တွေပဲထားမယ်၊ 30 ရက်ထပ်ကြာတဲ့ data တွေဆို S3 က automatic ဖျက်ပစ်ပေးသွားမယ်။
Lifecycle policy မှာ Storage Class ဆိုပြီးလဲခွဲထားသေးတယ်။ ဘာ storage class တွေရှိလဲဆို Standard, Standard-IA, Intelligent-Tiering, S3 OneZone-IA, S3 Glacier, Deep Archive ဆိုပြီးရှိတယ်။ အပေါ် ဥပမာလို ရက် 30 ကြာရင် မဖြတ်ပြစ်ဘဲ Lifecycle policy ကိုသုံးပြီးတော့ အချိန်ဘယ်လောက်ကြာရင် ဒီ storage class ကနေ စျေးပိုသက်သာတဲ့ storage class ကိုကူးဆိုပြီးတော့လဲ policy တွေသတ်မှတ်ပေးထားလို့ရတယ်။
ဒီ Storage Class တွေကလဲ တစ်ခုနဲ့တစ်ခု အလုပ်လုပ်ပုံမတူဘူး။ ဒီ storage class တွေအကြောင်းတော့ နောက် post တစ် post မှာပြောပြပေးမယ်။
