logo
glass Back to all postsAWS services

AWS 101: Amazon Route 53

glassMay 6, 2025
glass6 min read
aws logo

Route 53 က AWS ရဲ့ DNS (Domain Name System) managment service၊ ပိုပီးမြင်သားအောင်ပြောရမယ်ဆိုရင် CloudFlare တို့ GoDaddy တို့လို ပေါ့။



Route 53 ရဲ့ domain registration, DNS routing, health check စတာတွေ လူသုံးများကြတယ်။



DNS service ဖြစ်လို့ ကိုယ့်ရဲ့ website တွေဘာတွေအတွက် domain register လို့ရမယ်။ web browser ကနေ domain or subdomain ကို access လှမ်းလုပ်တဲ့အခါ ကိုယ့်ရဲ့ web application ကို Route 53 က route လုပ်ပေးတယ်။ User က domain ကနေ access လှမ်းလုပ်ရင် ကိုယ့် resources တွေ internet reachable ဖြစ်သေးလား မဖြစ်တော့ဘူးလား fail နေလား alive ဖြစ်သေးလား monitor ပေးတာတော့ health check feature ပေါ့။



တခြား features တွေအနေနဲ့ဆိုရင် Route 53 Resolver ကိုလဲအသုံးများတယ်။ On-premise က domain ကို AWS ထဲကိုဖြစ်ဖြစ် Route 53 က domain ကို on-premise ကိုပဲဖြစ်ဖြစ် resolve လုပ်ချင်တယ်ဆိုရင် Route 53 Resolver ကိုသုံးပီး inbound endpoint outbound endpoint သတ်မှတ်ပေးလို့ရတာတွေလဲရှိတယ်။



Route 53 မှာ domain register လုပ်မယ်ဆိုရင် AWS က hosted zone တစ်ခုဆောက်ပေးတယ်။ Public Hosted Zone နဲ့ Private Hosted Zone ဆိုပြီး နှစ်မျိုးရှိတယ်။ ဘာကွာလဲဆို Public Hosted Zone မှာ public ဆိုတဲ့အတိုင်း internet access ရမယ်။ Private Hosted Zone ကကျတော့ VPC (Virtual Private Cloud) အတွင်းထဲမှာပဲသုံးလို့ရမယ်။



Route 53 က DNS record type တော်တော်များများ ကိုလဲ support လုပ်ပေးတယ်။ A, AAAA, CNAME, MX records တွေအပြင်တစ်ခြား records တွေလဲ support ပေးတယ်။ အသေးစိတ်သိချင်ရင်တော့ AWS official documentation မှာသွားပီးဖတ်လို့ရတယ်။ ဒီမှာ ထူးခြားတာက Alias ဆိုပီး record type တစ်မျိုး Route 53 က support လုပ်ပေးတယ်။ ဒီ record type ကိုသုံးပြီး AWS resources တွေရဲ့ DNS ကို map လုပ်လို့ရတယ်။ CNAME နဲ့ Alias ကတူသလိုလိုရှိတယ် ဒါမယ့် အလွယ်မှတ်ရရင် CNAME က domain တစ်ခုကနေ domain နောက်တစ်ခုကို map ရင်သုံးတယ်။ Alias ကကျ AWS resources တွေရဲ့ dns ကို map ရင်သုံးတယ်။



Traffic management အတွက် Route 53 ရဲ့ routing policy တွေလဲ သုံးလို့ရတယ်။ Routing policy တွေအနေနဲ့ဆို simple routing, weighted routing, latency-based routing, failover routing, geo-location routing, geo-proximity routing, multi-value answer routing ဆိုပြီးအမျိုးမျိုးရှိတယ်။

ချုပ်ပြီး လိုတိုရှင်း ပြောပြရမယ်ဆို -

  • Simple routing: single resource တစ်ခုထဲကို traffic route လုပ်ပေးတယ်။
  • Weighted routing: traffic လွှတ်တဲ့ အခါ multiple resources တွေကို traffic ရဲ့ ဘယ်လောက် percentage ဘဲ ဒီ resource ကိုသွား ဒီ resource ကိုကျ ဒီလောက် percentage သွားဆိုပီး ဒီ routing policy နဲ့သတ်မှတ်ပေးလို့ရတယ်။
  • Latency-based routing: network latency အနည်းဆုံးနဲ့ route ချင်ရင်တော့ ဒီ policy ကိုသုံးကြတယ်။
  • Failover routing: ဒီ routing policy ကျတော့ primary resource နဲ့ secondary resource နှစ်ခုရှိတယ်ဆိုပါစို့၊ primary resource ကအကြောင်းအမျိုးမျိုးကြောင့် fail သွားတဲ့အခါ secondary resource ကို automatic route လုပ်ပေးတယ်။
  • Geo-location routing: user ရဲ့ location ပေါ်မူတည်ပီး route လုပ်ပေးတာ။ ဥပမာ - Myanmar က user က access လှမ်းလုပ်မယ်ဆို Asia ထဲက server ကိုဘဲ route လုပ်မယ်၊ U.S က access လှမ်းလုပ်မယ်ဆို U.S က serve ကိုဘဲ route လုပ်ပေးမယ်ပေါ့။ ဒီ location ကလာတဲ့ user ရဲ့ traffic ဆို ဒီ ကိုဘဲ route လုပ်ပေးမယ်ဆိုတဲ့သဘော။


Cloud service ဖြစ်တာနဲ့အညီ High Available ဖြစ်တယ် scaleable လဲဖြစ်တယ်။ DNS traffic တွေရဲ့ volume ပေါ်မူတည်ပြီး auto scale ပေးတဲ့ feature ပါတယ်။ Traffic management အတွက်လဲ routing policy တွေရှိတယ်။ application ရဲ့ performance ကို monitor လုပ်ပေးတဲ့ health check နဲ့ failover feature လဲပါတယ်။ AWS native service ဖြစ်တဲ့အတွက် Infrastructure သာ AWS ပေါ်မှာရှိတယ်ဆို one stop လုပ်ချင်ရင်သုံးသင့်တဲ့ service လို့ပြောရမယ်။



footer background

Managed and
Professional
ICT Services
Provider

Contact Us

B8 ICT Solutions