
AWS ရဲ့ basic အကျဆုံး service တစ်ခုအကြောင်း 101 လုပ်ပေးသွားမယ်။ အဲ့ service ကတော့ Elastic Compute Cloud (EC2) ပဲဖြစ်ပါတယ်။ EC2 service က ဘာလဲဆို server တွေငှါးသုံးလို့ရတဲ့ service ဘဲ။ Linux ဘဲဖြစ်ဖြစ် Windows ဘဲဖြစ်ဖြစ် server တစ်လုံးအလွယ်တကူလေး launch လုပ်ပြီးတော့ ကောက်သုံးလိုက်လို့ရတယ်။ မသုံးဘူးဆိုရင်လဲရတယ် ပြန်ဖျက်ရင်ဖျက် မဖျက်ရင် ရပ်ထားလိုက်ရုံဘဲ။ pay-as-you-go ဖြစ်တဲ့ အတွက် ၁နာရီ run ရင် ၁နာရီဖိုးပဲကောက်မယ်။ နာရီ ၂၀ run ရင် နာရီ ၂၀ ဖိုးပဲပေးရမယ်ပေါ့။
EC2 မှာ server တွေကို EC2 Instance လို့ခေါ်တယ်။ ဒီကနေစပြီး server လို့မသုံးတော့ဘူး instance လို့ပဲသုံးတော့မယ်။ Instance က size စုံရှိတယ်၊ specification တွေစတဲ့ vCPU, RAM တွေစိတ်ကြိုက်ရွေးလို့ရမယ်။ ကိုယ့် usage ပေါ်မူတည်ပြီး instance type တွေရှိတယ် t series, m series, r series စသဖြင့် ဥပမာ r series ဆို memory ဦးစားပေး use case တွေမှာသုံးကြတယ်။ t3.medium လောက်ဆို backend ပါတဲ့ personal website လေးကောင်းကောင်းတင်သုံးလို့ရနေမယ်။ ကိုယ်သုံးတဲ့ series ပေါ်မူတည်ပြီး စျေးတစ်ခုနဲ့တစ်ခုမတူဘူးပေါ့။
EC2 instance ရဲ့ network အဝင်အထွက်ကို security group မှာ inbound rule သက်မှတ်ပေးလို့ရတယ်။ outbound rule သတ်မှတ်ပေးစရာမလိုဘူး security group က stateful မလို့ ဝင်လာသမျှ inbound အတိုင်းအကုန်ပြန်ထွက်နိုင်တယ်။
တစ်ခြား point out လုပ်ရမယ့် feature ကတော့ Auto Scaling Group ရှိတယ်။ သူက Auto Scaling Group ဆိုတဲ့အတိုင်း instance တွေကို Group လုပ်ပေးပြီး workload ပေါ်မူတည်ပြီး automatic scale in scale out လုပ်ပေးတယ်။ ASG သုံးဖို့ဆို Launch template ကို create ဖို့လိုတယ်။ Launch template ဆိုတာကတော့ ကိုယ်လိုချင်တဲ့ instance ပဲဖြစ်ဖြစ် customized ထားတဲ့ ဟာပဲဖြစ်ဖြစ် template ပြင်ပေးရတာ ဘယ် OS သုံးမယ် ပေါ့။ ပြီးရင် ASG create တဲ့အခါ အဲ့ template လေးကိုသုံးလိုက်ရုံပဲ။ အဲ့တာဆို ကိုယ့်ရဲ့ instance က ၃ လုံးသတ်မှတ်ထားရင် ၃လုံးပုံမှန်အတိုင်း run နေမယ်။ workload တက်လာရင်တော့ load ပေါ်မူတယ်ပြီး ၄ လုံး (သို့) ၅ လုံးထိ auto scale out သွားမယ်။ load ပြန်ကျသွားရင် ပုံမှန် ၃လုံးထိ scale in ပြန်ဖြစ်သွားလိမ့်မယ်။ Autoscaling patterns တွေ ကစားဖို့လိုတယ်။ scheduled scaling တို့ Target tracking တို့ အသုံးများတယ်။
101 ဆိုတော့ EC2 အတွက်ကတော့ဒီလောက်ပါပဲ။ နောက် features တွေ services တွေကိုတော့ နောက် post နဲ့အတူပြန်လာခဲ့ပါမယ်။
